တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် ဆဌမအကြိမ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

(၃.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် ဆဌမအကြိမ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်မြို့၊ POLYTECHNIC UNIVERSITY(ကွန်ပျူမဟာဌာန)တွင် ကျင်းပဆောင်ရွက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းစစ်ဦးစီးချုပ်၊မြိတ်လေတပ်ဌာနချုပ်မှယာယီတပ်နယ်မှူး၊ POLYTECHNIC UNIVERSITYမှ ဒုတိယပါမေက္ခချုပ်များ၊ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးရေးရာဥက္ကဌနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ ၊ စုစုပေါင်း (၅၄၀)ဦး တက်ရောက်ပြီး သစ်မာသစ်မျိုးစုံ(၇)မျိုး၊(၆၀၅)ပင် အား အောင်မြင်စွာ စိုက်ပျိုး ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သစ်ပင်စိုက်ပျိုးမှုအားလှည့်လည်ကြည့်ရှုလမ်းညွှန်မှုပြုခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, July 3, 2025 - 13:00