၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်၊ အ.မ.က ဂွေးကုန်း( နတ်တောင်)ကျောင်အတွင်းကျင်းပ

၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ၃-၇-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဂွေးကုန်းရပ်ကွက်၊အ.မ.က ဂွေးကုန်း( နတ်တောင်) ကျောင်အတွင်း ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/​မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ အား/ကာသိပ္ပံ၊ ကြက်ခြေနီ၊ ပြည်သူလူထု စုစုပေါင်း အင်အား (၆၉၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၇)မျိုး ကံ့ကော်၊ပျဥ်းကတိုး၊ခရေ၊အနန်း၊ရင်ခတ်၊မဟော်ဂနီ၊မန်ဂျန်ရှား စုစုပေါင်း(၁၂၁၀)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, July 3, 2025 - 13:15