သစ်တောဦးစီးဌာန၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အောင်တော်မူ စေတီတော် ဝင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

(၃.၇.၂၀၂၅)ရက်နေ့၊(၀၈:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အောင်တော်မူ စေတီတော် ဝင်းအတွင်း၌ ၂၀၂၅ခုနှစ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၈၅)ဦးတက်ရောက်ခဲ့ပြီးချယ်ရီ၊ကျွန်း၊ခါတော်မှီ၊ မယ်ဇလီ၊ယူကလစ်၊မန်ဂျန်ရှား စုစုပေါင်း(၃၀၀)ပင်စိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲကျင်းပပြီးစီးပါကြောင်းသတင်းရရှိသည်။

date: 
Thursday, July 3, 2025 - 13:15