ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်)မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားဝန်းအတွင်း ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပဲခူးတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အခြေခံပညာအဆင့်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၁၂၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်တို့အား ပျိုးပင်များ ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကံ့ကော်၊ ခရေ၊ ငုရွှေဝါ၊ ပန်းပိတောက်၊ ပျဉ်းမ၊ မယ်ဇယ်၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ စွယ်တော်နှင့် အာဆီယံသပြေစသည့် အရိပ်ရ အပွင့်ပွင့်သည့် သစ်မျိုး(၁၁)မျိုး၊ ပျိုးပင်ပေါင်း (၁၅၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 4, 2025 - 15:30