၂၀၂၅ခုနှစ် မိုးရာသီ ပြည်နယ် အဆင့် ဒသမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အား ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ၊မှန်ပြတောင်မဟာအောင်ဘုန်းပွင့် ရပ်တော်မူဘုရားကြီး တောင်‌ခြေ၌ကျင်းပ

၂၀၂၅ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် ဒသမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အား (၅-၇-၂၀၂၅) ရက်နေ့ ၊နံနက်(၀၈:၃၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ၊မှန်ပြတောင်မဟာအောင်ဘုန်းပွင့်ရပ်တော်မူဘုရားကြီး တောင်‌ခြေ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဒုတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့်ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ပြီးသစ်အယ်(၅၀၀)ပင်၊ သပြေ(၅၀၀) ပင်၊ ကံ့ကော်(၂၀၀) ပင် ၊အင်ကြင်း (၁၀၀ ) ပင်၊ ​စကားဝါ (၅၀)ပင် စုစုပေါင်း (၁၃၅၀)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Saturday, July 5, 2025 - 11:30