သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၇-၇-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။အစီအစဉ်အရ ဒေါက်တာသင်းသင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သုတေသနအရာရှိ ဦးအောင်ဇော်မိုးမှ ဖိလစ်ပိုင်နိုင်ငံ၊ Los Banos မြို့တွင် ပြုလုပ်သည့် အာရှနိုင်ငံများရှိ သစ်တောသစ်ပင်များ၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း၊ ရာသီဥတုကြံ့ကြံ့ခံနိုင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ ဒေါ်နန်းရွှေရည် တောအုပ်ကြီးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် ပြုလုပ်သည့် တရုတ်- အာဆီယံလူငယ် အစိမ်းရောင်အစီအစဉ်တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။
