အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ခုနှစ်မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊သစ်တောဦးစီးဌာနနှင့်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင်စိုက်ပျိုးပွဲကို ၁၁.၇.၂၀၂၅ရက် သောကြာနေ့ နံနက် ၀၇း၀၀ နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင် တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူကြီးဝင်းကျော်သူ၊ မန္တလေးတိုင်းဒေသကြီး၊အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင် ၊ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀၀ဦးတက်ရောက်ကြပါသည်။ သစ်ပင်စိုက်ပွဲတွင် ဒုတိယဝန်ကြီးမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်းအားလည်းကောင်း၊ ကျောက်ပန်းတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးဝင်းကျော်သူမှ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူ ဒေါ်ခင်တင့်တင့်အောင် သို့လည်း​ကောင်း၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်မှ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းသို့လည်းကောင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်မင်းညိုမှ ညောင်ဦးခရိုင် အမျိုးသမီးရေးအဖွဲ့ ဥက္ကဌ ဒေါ်နီလာဟိန်းသို့လည်းကောင်း ပျိုးပင်များအသီးသီးပေးအပ်၍ ဒုတိယဝန်ကြီးမှ မဟော်ဂနီပင်အားဦးဆောင် စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပျိုးပွဲအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ပါသည်။
သစ်ပင်စိုက်ပွဲတွင် မန်ကျည်း၊သစ်ပိတောက်၊ ပန်းပိတောက်၊ ရင်းမာ၊ မဟော်ဂနီ၊ ကုက္ကို၊မဲဇလီ၊ ပဲချယ်ရီ၊ တမာ၊ ထနောင်း၊ရှား သစ်မျိုး ၁၁ မျိုး စုစုပေါင်း (၃၀၀၀)ပင် စိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။

date: 
Friday, July 11, 2025 - 15:45