ချောက်ခရိုင်၊ချောက်မြို့နယ် ဆင်ကအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းတွင် အပူပိုင်းဒေသ(၁၃) ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင်ချောက်ခရိုင်၊ချောက်မြို့နယ် ဆင်ကအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတ​ရေးရာဝန်ကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ အကျမှကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမနှင့်ကျောင်းသား/အထကများမှကျောင်းသူများနင့်ဆရာဆရာမများ၊ကြက်ခြေနီအဖွဲ့များ၊ ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ရပ်/ကျေးအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ အင်အား စုစုပေါင်း (၂၀၀၀) ဦးတက်ရောက်ပြီး တမာ(၁၀၀၀)ပင် ဖျောက်ဆိပ်(၅၀၀)ပင်၊ ပိတောက်(၁၅၀၀)ပင်၊ပဲချယ်ရီ (၁၀၀၀)ပင်၊ စုစုပေါင်း(၄၀၀၀) ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 11, 2025 - 18:15