စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ဝန်းအတွင်း အပူပိုင်း ဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ဝန်း အတွင်း ခန့်မှန်းမြေပုံညွှန်း- 21°55'54.1"N 95°58'37.8"E နေရာတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၇၂) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ၊စစ်ကိုင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား စုစုပေါင်း ၈၅၀ ဦးတက်ရောက်ပြီး ကျွန်း(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ တမာ(၁၅၀)ပင်၊ တည်(၇၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ မယ်ဇယ်(၂၈၀)ပင်၊ သစ်မျိုး စုစုပေါင်း ၇၅၀ ပင် ကိုစုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 11, 2025 - 18:30