ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှုး၍ ၂၀၂၅ ခုနှစ်၊ ဆဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှုး၍၂၀၂၅ ခုနှစ်၊ဆဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၁-၇-၂၅ ရက်နေ့(၀၈၀၀)နာရီတွင် မင်္ဂလာဒုံမြို့နယ်၊လှော်ကားကြိုးဝိုင်းအတွင်း၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အဆင့်မြင့်အရာရှိများ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မင်္ဂလာဒုံမြို့နယ်၊အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ ၊ သစ်တောဝန်ထမ်းများ၊ YCDCမှ အရာထမ်း/အမှုထမ်းများစုစုပေါင်းအင်အား (၁၅၀၀)ဦးခန့် တက်ရောက်ကြပြီး ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပိတောက် ပင်ကို လည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီးက ခရေပင် ကိုလည်းကောင်း စိုက်ပျိုးပေးပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့ က အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးကြကာ အခမ်းအနားတက်ရောက်လာကြသူများက သစ်ပင်များ တပျော်တပါး စုပေါင်းစိုက်ပျိုးကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်ပင် စိုက်ပျိုးနေမှုများကိုလှည့်လည် ကြည့်ရှုအားပေးကာ (၀၈၃၀)အချိန် တွင် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း နှင့် ယနေ့ ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး (၆၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ပျဉ်းမ(၁၀၀၀) ပင်၊ မဟော်ဂနီ(၅၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀၀)ပင်၊ ခရေ(၁၂၂) ပင်၊ ကံ့ကော် (၂၀၀)ပင်၊ မအူ(၁၀၀၀)ပင်နှင့် တယ် (၅၀၀)ပင် စုစုပေါင်း သစ်မျိုး (၉)မျိုး၊ ပျိုးပင်ပေါင်း (၅၀၂၂)ပင် ဧရိယာ (၉.၂ ဧက)တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 11, 2025 - 18:30