နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော်တက်​ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၁-၇-၂၀၂၅ ရက်နေ့ (၀၇း၀၀)နာရီအချိန်တွင်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင်ကာကွယ်တောအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော်သို့ တက်​ရောက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး တမာပင်ကို ဦး​ဆောင်စိုက်ပျိုး​ပေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်​ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မ​တော်အဆင့်မြင့်အရာရှိကြီးများ၊ မန္တ​လေးတိုင်း​​ဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း​ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊NGO အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၂၀၀)ဦးတို့က သစ်မျိုး (၇)မျိုး၊ သစ်ပင်ပေါင်း (၃,၂၀၀)ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးပေးကြပါသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Friday, July 11, 2025 - 21:45