ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ၊ အသုတ်မြို့၊ ကိုင်းချောင်-ဘန့်ဘွေးကုန်ကျေးရွာချင်းဆက်လမ်းနှင့် တပ်မဆုတ်ကျေးရွာ၊ အ.မ.က ကျောင်းဝန်းအတွင်း၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပ

(၁၃-၇-၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ၊ အသုတ်မြို့၊ ကိုင်းချောင်-ဘန့်ဘွေးကုန်ကျေးရွာချင်းဆက်လမ်းနှင့် တပ်မဆုတ်ကျေးရွာ၊ အ.မ.က ကျောင်းဝန်းအတွင်း၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ မဟော်ဂနီ၊ ရေတမာ၊
မန်ဂျန်ရှား (၁၃၆၀)ပင်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများ ၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကျောင်းသားကျောင်းသူများ၊ဆရာဆရာမများ၊NGO အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၀၀)ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိ်သည်။

date: 
Sunday, July 13, 2025 - 16:30