၇-၇-၂၀၂၅ ရက်နေ့မှ ၁၃-၇-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅.၈၂၉၂)တန်၊ သစ်မာ (၂.၄၉၃၄)တန်၊ အခြား (၉.၁၈၄၄)တန်၊ စုစုပေါင်း (၁၇.၅၀၇၀)တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၇-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ကလွင်ကျေးရွာ အုပ်စု၊ ရှမ်းချောင်းမကြီးချောင်းလက်တက်ကမ်းနံဘေးနေရာမှ တရားမဝင် အခြားသစ် ခွဲသား (၂၀)ချောင်း (၄.၀၄၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, July 16, 2025 - 14:00