မော်လမြိုင်မြို့၊အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

၂၀၂၅ ခုနှစ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) မိုးရာသီသစ်ပင်စိုက်ပွဲကို ၁၈-၇-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းအုပ်ကြီး၊ အား/ကာသိပ္ပံကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၀၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၆)မျိုး ခရေ၊မန်ဂျန်ရှား၊ပျဉ်းကတိုး၊စိန်ပန်းကြီး၊ပျဉ်းမ၊မယ်ဇယ် စုစုပေါင်း(၃၇၃)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 18, 2025 - 19:00