၂၀၂၅ ခုနှစ် ပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲတော်ကိုမော်လမြိုင်မြို့၊တောင်ဝိုင်း-သွေးသောက်သွားကားလမ်းဘေး၊ တောင်ဝိုင်းတောင်တွင်ကျင်းပ

၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် သာသနာနွယ်ဆရာတော်၏ သက်တော်(၄၆)နှစ်ပြည့် အထိမ်းအမှတ် တောင်ဝိုင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပွဲတော်ကို ၁၈-၇-၂၀၂၅ ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊တောင်ဝိုင်း-သွေးသောက်သွားကားလမ်းဘေး၊ တောင်ဝိုင်းတောင်တွင် ကျင်းပပြုလုပ်ရာ သာသနာနွယ်ဆရာတော်၊ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/​မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ အား/ကာသိပ္ပံ၊ ပြည်သူလူထု စုစုပေါင်း အင်အား (၂၀၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၈)မျိုး ကုက္ကို၊အနန်း၊ရင်ခတ်၊မယ်ဇယ်၊ခရေ၊ရေတမာ၊စိန်ပန်း-နီ၊စိန်ပန်း-ဝါ စုစုပေါင်း(၁၈၉)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 18, 2025 - 19:00