သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၂၁-၇-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ် အရ ဦးတင်မိုး (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိအိဆွေလှိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၄)ကြိမ်မြောက် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများဆိုင်ရာ ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါ်ဖြူဖြူနှင်းမှ ကိုရီးယားသမ္မတနိုင်ငံတွင် ပြုလုပ်သည့် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO)၏ ၂၀၂၅ ခုနှစ်၊ မျိုးစေ့ထိန်းသိမ်းမှုမြှင့်တင်ရေးအစီအစဉ်တက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းခိုင်မှ မဲခေါင်-ကိုရီးယား ဒေသတွင်းစီမံကိန်း စောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာအစီအစဉ်တက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်ဇင်နွယ်ထွန်းမှ CLMV နိုင်ငံများရှိ တောမီးလောင်ကျွမ်းခြင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်ချိတ်ဆက်မှုအပေါ် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ လေ့လာရေးခရီးစဉ်အားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။