ဘုတ်ပြင်းမြို့နယ် ၊ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

၂၃.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ် ၊ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ဦးစီးအရာရှိရုံး သစ်တောဦးဌာနတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကို CF အဖွဲ့၀င်များ (၂၂)ဦး၊ ဒေသခံပြည်သူ -(၄၆)ဦးစုစုပေါင်း-(၆၈)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာနမှဦးစောလူးသယ်ရွှေသည်ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, July 23, 2025 - 13:30