ဘုတ်ပြင်းမြို့နယ် ၊တောဆင်ရိုင်းအန္တရာယ်နှင့် ပတ်သက်၍ လူသေဆုံးမှုများ မဖြစ်ပေါ်စေရေးနှင့် လူနှင့်ဆင်ပဋိပက္ခ လျှော့ချနိုင်ရေး ဒေသခံပြည်သူများအားအသိပညာပေးဟောပြောပွဲကျင်းပ
၂၄.၇.၂၀၂၅ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ် ၊တောဆင်ရိုင်းအန္တရာယ်နှင့် ပတ်သက်၍ လူသေဆုံးမှုများ မဖြစ်ပေါ်စေရေးနှင့် လူနှင့်ဆင်ပဋိပက္ခ လျှော့ချနိုင်ရေး ဒေသခံပြည်သူများအားအသိ ပညာပေးဟောပြောပွဲကို ဘုတ်ပြင်းမြို့နယ်၊အုန်း တောကမ်းကျေးရွာတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကို ဒေသခံပြည်သူ စုစုပေါင်း-(၃၆)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစောလူးသယ်ရွှေသည် တောဆင်ရိုင်းအန္တရာယ်နှင့်ပတ်သောအကြောင်း အရာများ ဟောပြောဆောင်ရွက်ခဲ့ပြီး တောဆင်ရိုင်းအန္တရာယ်ပေးမှုကြောင့် အသက်သေဆုံးမှု မရှိစေရေး လူနှင့်ဆင် ပဋိပက္ခလျှော့ချရေးသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



date:
Thursday, July 24, 2025 - 13:45