ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၊လက်ခုပ် ကုန်းကျေးရွာ အုပ်စု၊ မြစိမ်းသောင် ဒီရေတောကြိုးပြင်ကာကွယ်တော အနီး ကမ်းတက်မြေ၌ "အပြည် ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ “အထိမ်းအမှတ် "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၊လက်ခုပ် ကုန်းကျေးရွာအုပ်စု၊ မြစိမ်းသောင် ဒီရေတောကြိုးပြင်ကာကွယ်တော အနီး ကမ်းတက်မြေ၌ "အပြည် ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ “ အထိမ်းအမှတ် "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ" ကို ၂၄-၇-၂၅ ရက်နေ့(၀၈၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများစုစုပေါင်းအင် အား(၁၅၀)ဦးတက်ရောက်ခဲ့ကြပြီး ဗြူးရွှေဝါ (၅၀၀)ပင်၊ ဗြူးအုပ်‌ဆောင်း(၅၀၀)ပင် ၊စုစုပေါင်း (၁၀၀၀)ပင် စိုက်ပျိုးကြရာ (၀၈:၄၅) အချိန်တွင်အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, July 24, 2025 - 13:45