၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်း​​​ရေးနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို သုံးခွမြို့နယ်၊ ဘိတ်သိတ်-မဟာ-သာသာ ဒီရေတာကြိုးပြင်ကာကွယ်တော၌ကျင်းပ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်း​​​ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို သုံးခွမြို့နယ်၊ ဘိတ်သိတ်-မဟာ-သာသာ ဒီရေတာကြိုးပြင်ကာကွယ်တော၌ (၂၄.၇.၂၀၂၅) ရက်နေ့ (၁၀၀၀)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါသစ်ပင်စိုက်ပွဲသို့ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မဟာမိတ် ကျေးရွာအုပ်စုနှင့်သာသာမြိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်‌ရောက်ခဲ့ကြပြီး သမဲ့ပျိုးပင် (၅၀၀)ပင်စိုက် ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, July 24, 2025 - 14:00