သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍ မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်၊ ပုလဲသစ္စာခန်းမတွင်ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍၂၅.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် အခမ်းအနားကို မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်၊ ပုလဲသစ္စာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြိတ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် အဏ္ဏဝါသိပ္ပံဌာန၊ဌာနမှူးပါမောက္ခဆရာမ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အဏ္ဏဝါသိပ္ပံဌာနမှ ဆရာ/ဆရာမ၊ကျောင်းသား/သူများ၊မြိတ်ခရိုင်/မြို့နယ်မှ သစ်တောဝန်ထမ်းများ စုစုပေါင်း(၁၄၄)ဦးတက်ရောက်ခဲ့ပြီးအခမ်းအနားကို နေ့လည်(၁၀:၃၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးဦးကအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ဂုဏ်ပြုအမှာစကားမြွတ်ကြားပြီး သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်လင်းမှအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Presentationတင်ပြခဲ့ပါသည်။ဆက်လက်၍အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယိုပြသခြင်းဆောင်ရွက်၍ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကခင်းကျင်းပြသထားသည့်အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာများကိုလှည့်လည်ကြည့်ရှုပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 25, 2025 - 13:15