ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem)အထိမ်းအမှတ်အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊၂၅.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ သစ်တောဝန်ထမ်းများ စုစုပေါင်း (၃၉၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားမြွတ်ကြားခဲ့ပြီး၊အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယိုပြသခြင်း၊ မြောင်းမြခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုးမှ "ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဒီရေတောများ၏ အခန်းကဏ္ဍ " ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခြင်း၊ ပုသိမ်တက္ကသိုလ် အချိန်ပိုင်း ပါမောက္ခ ဒေါက်တာဌေးအောင်မှ "Mangrove Ecosystem and Coastal Blue Carbon" ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို (၁၀:၃၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိသည်။




