မွန်ပြည်နယ် ၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပညာပေးဟောပြောပွဲ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်ရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကျင်းပ
မွန်ပြည်နယ် ၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပညာပေးဟော ပြောပွဲကို(၂၅-၇-၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီတွင်ပေါင်မြို့နယ်၊အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်ရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ရာအလှပ်ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးအပါအဝင်ဒေသခံပြည်သူများနှင့်အခြေခံပညာကျောင်း များမှဆရာ/ဆရာမနှင့်ကျောင်းသားကျောင်းသူများစုစုပေါင်း(၁၈၇)ဦးတက်ရောက်ခဲ့ပြီးသစ်တောဦးစီး ဌာနသထုံတွဲဘက်ပေါင်မြို့နယ် ဦးစီးအရာရှိ ဦးတင်ထွန်းမှ"အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့"နှင့်ပတ်သက်သည့်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပြီး၂၀၂၅ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်ပညာပေးVideo Clipအားပြသခဲ့ပါကြောင်းသတင်းရရှိသည်။


