မွန်ပြည်နယ်၊၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မွန်ပြည်နယ်၊မြို့နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအား ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာန၊ ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ်တောအတွင်းကျင်းပ

မွန်ပြည်နယ်၊၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မွန်ပြည်နယ် ၊မြို့နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၂၅-၇-၂၀၂၅)ရက်နေ့နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာန၊ ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ်တောအတွင်းကျင်းပပြုလုပ်ခဲ့ရာ သစ် တောဦးစီးဌာနဝန်ထမ်းများ၊ WIF အဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၄) ဦးတက်ရောက်ကြပြီးဒီရေတော သစ်မျိုးဖြစ်သည့် သမဲ့ (၃၀၀)ပင်ကိုစုပေါင်း‌၍စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 25, 2025 - 15:30