ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှပဲခူးမြို့နယ်(တွဲဖက်-ကဝမြို့နယ်)တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲများကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၅.၇.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)ချိန်တွင် ပဲခူးမြို့နယ်(တွဲဖက်က၀မြို့နယ်)၊ဘန်ဒါကျေးရွာအနီး၌ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ (International Day for the Conservation of Mangrove Ecosystem)အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ သက္ကလမြို့အုပ်ချုပ်ရေးမှူးနှင့် က၀မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့၀င်များ၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများစုစုပေါင်း(၁၀၀) ဦး တက်ရောက်ကြပြီး ဗြူးခြေထောက်(၁၈၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဘန်ဒါကျေးရွာ၏ နုန်းထိန်းရေကာတာဘောင်အနီးတွင် သစ်တောဦးစီးဌာန ၀န်ထမ်းများစုပေါင်း၍ အုန်းပင် (၃၀) ပင်အား လေကာတန်းအသွင်ဖြင့် ဆက်လက်စိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိသည်။ဆက်လက်၍ က၀မြို့နယ်၊ဘန်ဒါကျေးရွာ၊ ဒီရေတောစိုက်ခင်းစခန်းတွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ (International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲတွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးချမ်းမြေ့အောင်မှ ဒီရေတောထိန်းသိမ်းရေးနှင့်သဘာ၀ ဘေးဒဏ်အကြောင်းသိကောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးပြည့်ဖြိုးပိုင်မှ ဒီရေတောဂေဟစနစ်နှင့် ဒီရေတောစိုက်ပျိုးပြုစုခြင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးအမှတ်တရလွယ်အိတ်(Recycle Bag) များပေးအပ်ခြင်းနှင့် ဒီရေတောထိန်းသိမ်းရေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြသည်။ထို့နောက်အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယို Clip ပြသ၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။








