သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ညွှန်ကြားရေးမှူးများလိုက်ပါ၍ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ရှိသုတေသနစခန်းအမှတ်(၅)မိုးစွေသို့ရောက်ရှိကာအမြဲတမ်းပျိုးဉယျာဉ်အတွင်းပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)၊ ညွှန်ကြားရေးမှူးများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ သုတေသနစခန်း အမှတ်(၅) ၊ မိုးစွေသို့ရောက်ရှိကာ အမြဲတမ်းပျိုးဉယျာဉ်အတွင်းပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကြည့်ရှုစစ်ဆေးခြင်း၊ ကျွန်းအနက်စင်း စမ်းသက်ကွက် (၆)ဧက ၊ပိတောက်ကိုင်းချိုင်ခြင်းစမ်းသပ်ကွက် ( ၁၀) ဧက နှင့် ဝါးမျိုးစုံစမ်းသပ်စိုက်ကွက် (၁၅) ဧကသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဆက်လက်၍ မြေပြုပြင်ခြင်းဖြင့် ကျွန်းပင်များ၏ ကြီးထွားမှုအား လေ့လာခြင်း သုတေသစိုက်ခင်း (၁၀)ဧကတွင် ကျွန်းပင်များ ရှင်သန် အောင်မြင်မှုအခြေအနေ နှင့် ကျွန်းမျိုးသန့်ဥယျာဉ် (၁၀) ဧကတို့အား လိုက်လံကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။








