ဝါးမျိုးပျိုးထောင်ခြင်း၊ ဝါးစိုက်ခင်းတည်ထောင်ခြင်းနှင့် ဝါးတောများစနစ်တကျစီမံအုပ်ချုပ်ခြင်း ဆိုင်ရာနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် အာရှဒေသသစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Asian Forestry Cooperation Organization-AFoCO) တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ ဆိုင်ရာ ပြည်သူအခြေပြု အသေးစား စီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း ၏ အထောက်အပံ့ဖြင့် ဝါးမျိုးပျိုးထောင်ခြင်း၊ ဝါးစိုက်ခင်းတည်ထောင်ခြင်းနှင့် ဝါးတောများစနစ် တကျစီမံအုပ်ချုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းဆင်းပွဲကို (၂၈-၇-၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။
သင်တန်းတွင် ဝါးမျိုးပွားပျိုးထောင်ခြင်းနှင့်ဝါးစိုက်ခင်းတည်ထောင်ခြင်း၊ ဝါးသယံဇာတများစဉ်ဆက်မပြတ်ရရှိနိင်မည့် စနစ်တကျ ထုတ်ယူခြင်းနည်းစနစ်များအား စာတွေ့လက်တွေ့ ပို့ချသင်ကြားခဲ့ပြီး ပျဥ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိမြို့မြို့နယ်များမှ ဒေသခံပြည်သူ (၂၀) ဦး၊ သစ်တောသုတေသနဌာနမှသစ်တောဝန်ထမ်း (၅) ဦး သင်တန်းသားစုစုပေါင်း (၂၅) ဦးအား (၂၄-၇-၂၀၂၅) ရက်နေ့မှ (၂၈-၇-၂၀၂၅) ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။








