၂၀၂၅ ခုနှစ်၊ မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကိုရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမွေးမြူရေးဇုန်၌ကျင်းပ

၂၀၂၅ ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို (၂၉/၇/၂၅) ရက်နေ့(၀၈၀၀)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊တွံတေးမွေးမြူရေးဇုန် ၌ ကျင်းပခဲ့သည်။သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌဦးညွှန့်နွယ် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီး ဌာနမှူး ဦးထွန်းအာကာနှင့် သစ်တော ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ ၊မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ မွေးမြူရေး ဇုန်အတွင်းရှိ လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်ခဲ့ကြပြီး စည်ပင်သာယာ လမ်းဘေးဝဲ၊ယာတွင် မန်ဂျန်ရှား၂၀၀၀ပင်၊မွေမြူရေးဇုန် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးဝန်းများ တွင်မန်ဂျန်ရှား(၇၀၀၀)ပင်၊ မွေးမြူရေးဇုန်ခြံဝန်းအသီးသီး၌ မန်ဂျန်ရှား (၂၀၀၀၀)ပင် စုစုပေါင်း မန်ဂျန်ရှား (၂၉၀၀၀)ပင်ကို တပြိုင်တည်း စုပေါင်း စိုက်ပျိုးခဲ့ကြပြီး(၀၉၀၀) နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, July 29, 2025 - 12:30