ဘုတ်ပြင်းမြို့နယ် ၊တောဆင်ရိုင်းအန္တရာယ်နှင့် ပတ်သက်၍ လူသေဆုံးမှုများ မဖြစ်ပေါ်စေရေးနှင့် လူနှင့်ဆင်ပဋိပက္ခ လျှော့ချနိုင်ရေး ဌာန ဆိုင်ရာများအား ကျောင်းသား/သူ၊ဒေသခံပြည်သူများအားအသိ ပညာပေးဟောပြောပွဲကျင်းပ
၂၉.၇.၂၀၂၅ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ် ၊တောဆင်ရိုင်းအန္တရာယ်နှင့် ပတ်သက်၍ လူသေဆုံးမှုများ မဖြစ်ပေါ်စေရေးနှင့် လူနှင့်ဆင်ပဋိပက္ခ လျှော့ချနိုင်ရေး ဌာန ဆိုင်ရာများ၊ေကျာင်းသား/သူ၊ဒေသခံပြည်သူများအားအသိ ပညာပေးဟောပြောပွဲကို ဘုတ်ပြင်းမြို့နယ်၊အထကတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကို ဦးညီညီ၊မြို့နယ်အုပ်ချုပ် ရေးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးနိုင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ေကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/သူများ၊ဒေသခံပြည်သူ စုစုပေါင်း-(၆၁၀)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစောလူးသယ်ရွှေသည် တောဆင်ရိုင်းအန္တရာယ်
နှင့်ပတ်သောအကြောင်း အရာများ ဒုတိယအကြိမ် ဟောပြောဆောင်ရွက်ခဲ့ပြီး တောဆင်ရိုင်းအန္တရာယ်ပေးမှုကြောင့် အသက်သေဆုံးမှု မရှိစေရေး လူနှင့်ဆင် ပဋိပက္ခလျှော့ချရေး သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။




