၂၁-၇-၂၀၂၅ ရက်နေ့မှ ၂၇-၇-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂.၆၃၃၅)တန်၊ သစ်မာ (၉.၅၇၅၆)တန်၊ အခြား (၄၂.၂၆၆၀)တန်၊ စုစုပေါင်း (၉၄.၄၇၅၁)တန်၊ ယာဉ်/ယန္တရား (၆)စီး၊ တရားခံ (၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၇-၂၀၂၅ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းအတွင်းနေရာ မှ တရားမဝင် ကျွန်းသစ်၊ လုံးပတ် (၃)ပေအောက်ကျွန်း (၁၂၈၀)လုံး (၆၀.၄၄၄၀)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, July 29, 2025 - 16:00