တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ထားဝယ်ပညာရေးကောလိပ်၊ တိက္ခပညာခန်းမ၌ ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပ

၂၉.၇.၂၀၂၅ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ညွှန်ကြားရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ထားဝယ်ပညာရေးကောလိပ်၊ တိက္ခပညာခန်းမ၌ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု(ICM) အစီအစဉ် ပထမ(၅)နှစ် စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကိုထားဝယ်ပညာရေးကောလိပ်မှ အုပ်ချုပ်သူ ဆရာ/ဆရာမ (၃)ဦး၊ သင်တန်းတက်ရောက်သည့် ဆရာ/ဆရာမ(၃၄၀)ဦး၊စုစုပေါင်း (၃၄၃)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးရဲဝင်းအောင်က ဒီရေတောထိန်းသိမ်းရေး၊ဒီရေတောများ၏ အကျိုးကျေးဇူးများ၊ နှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ/ဆရာမများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, July 29, 2025 - 16:15