ကချင်ပြည်နယ်၂၀၂၅ခုနှစ် မိုးရာသီ ပြည်နယ်အဆင့်(၁၁)ကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အားမိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ၊မြို့တော််ခန်းမအနီး၌ကျင်းပ

ကချင်ပြည်နယ်၂၀၂၅ခုနှစ် မိုးရာသီ ပြည်နယ်အဆင့်(၁၁)ကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အား ၂၉.၇.၂၀၂၅ရက်နေ့ ၀၇း၀၀နာရီအချိန်တွင် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ၊မြို့တော််ခန်းမအနီး၌ ကျင်းပဆောင်ရွက်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မိုးညှင်းမြို့ တပ်နယ်မှူးနှင့်ဇနီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ််အဆင့် ဌာနဆိုင်ရာများ၊ မိုးညှင်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၃၀၀) ဦး တက်ရောက််ပြီး ကျွန်း(၈)ပင်၊ ပိတောက်(၈)ပင်၊ ခရေ (၈)ပင်၊ မဟော်ဂနီ(၈)ပင်၊ ယမနေ(၈)ပင်၊ ရင်းမာ (၈)ပင်၊ မျောက်ငို (၄)ပင်၊ ပျဉ်းကတိုး (၂၂၅)ပင်၊ မန်ဂျန်ရှား (၂၂၅)ပင် စုစုပေါင်း (၅၁၀)ပင််အား စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, July 29, 2025 - 19:30