၂၈-၇-၂၀၂၅ ရက်နေ့မှ ၃-၈-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၀.၂၆၄၂)တန်၊ သစ်မာ (၁၂.၈၇၂၄)တန်၊ အခြား (၃၄.၉၇၈၂)တန်၊ စုစုပေါင်း (၉၈.၁၁၄၈)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၈-၂၀၂၅ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မြို့မ(၂)ဘိနယ်၊ ရတနာပုံတံတား အောက် သစ်ဖောင်ဆိပ်ကမ်းရှိ စစ်ကိုင်း-မန္တလေး ဇက်ရေယာဉ်ဆိပ်နေရာမှ တရားမဝင် ကျွန်း/ ပိတောက်ခွဲသား (၄၉၆)ချောင်း (၄၁.၂၀၁၈)တန်၊ ယာဉ် (၃)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date:
Wednesday, August 6, 2025 - 10:00