သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဘုရားအနေကဇာတင်လှူခြင်းနှင့် သတ္တမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဘုရားအနေကဇာတင်လှူ ပူဇော်ခြင်းနှင့် သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၄-၈-၂၀၂၅ ရက်နေ့၊ တနင်္လာနေ့ နံနက် ၀၆:၀၀ နာရီအချိန်တွင်ဇေယျာသီရိမြို့နယ်၊ ရေဆင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ဝန်းရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး
ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများတက်ရောက်ကြပါသည်။အခမ်းအနားအစီအစဥ်အရပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်လှူ ပူဇော်ပြီးနောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ သစ်တောဝန်ထမ်းမိသားစုများမှ အရုဏ်ဆွမ်းအလှူဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ကြသည့် ပရိတ်တရားတော်များကို နာယူခြင်းနှင့် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကို အသီးသီး ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေ တရားနာယူခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Wednesday, August 6, 2025 - 10:15