၈-၅-၂၀၂၃ ရက်နေ့မှ ၁၄-၅-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၆.၃၂၀၃)တန်၊ သစ်မာ (၂၅.၃၅၄၃)တန်၊ အခြား (၂၂.၄၁၆၀)တန်၊ စုစုပေါင်း (၈၄.၀၉၀၆)တန်၊ ယာဉ်/ ယန္တရား (၁၈)စီး၊ တရားခံ (၂၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၅-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအနောက်ဘိနယ်အတွင်း၊ ဒေသအခေါ် မြောင်ကြီးချောင်းဘေးမှ တရားမဝင် ကျွန်းသစ်လုံး (၃၀)လုံး (၉.၉၉၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, May 17, 2023 - 02:45