ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့AFoCO RETC သင်တန်းကျောင်း၌ “ဆေးဖက်ဝင်အပင်မျိုးစိတ်များ လေ့လာမှတ်တမ်းတင်ခြင်းနှင့် ထူးခြားဂုဏ်သတ္တိ ဒြပ်ပေါင်းပါဝင်မှုကို ဆန်းစစ်ဖော်ထုတ်ခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ
သစ်တောဦးစီးဌာနနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) အစီ အစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် FD-MLC-Medicinal Plants စီမံကိန်း၏ “ဆေးဖက်ဝင် အပင် မျိုးစိတ်များ လေ့လာမှတ်တမ်းတင်ခြင်းနှင့် ထူးခြားဂုဏ်သတ္တိ ဒြပ်ပေါင်းပါဝင်မှုကို ဆန်းစစ် ဖော် ထုတ်ခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကို ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီက AFoCO RETC သင်တန်းကျောင်းရှိ AFoCO Hall တွင် ကျင်းပသည်။ သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဖေချစ် (မူဝါနဒနှင့် စီမံကိန်း)က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းဒေသရှိ ဒေသခံဌာနေတိုင်းရင်းသားများ အသုံးပြု လျက်ရှိသော ဆေးဖက်ဝင် အပင်မျိုးစိတ်များအား ကွင်းဆင်း စုဆောင်း ကောက်ယူ၍ ၎င်းတို့၏ နမူနာအစိတ်အပိုင်းများကို ဓာတ်ခွဲစမ်းသပ်ရာမှ ဖော်ထုတ်ရရှိသော ထူးခြားဂုဏ်သတ္တိ ပါဝင်မှုကို ဆန်းစစ်လေ့လာ ဖော်ထုတ်ခြင်း နည်းပညာဆိုင်ရာ တွေ့ရှိချက် များအား ဆက်စပ်သောဌာနများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနမှ အရာထမ်းများ နှင့် တွေ့ဆုံဆွေးနွေး ဖလှယ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကိုယ်စားလှယ် စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။အလုပ်ရုံဆွေးနွေးပွဲတွင် သုတေသနပညာရှင်(၇)ဦးမှ ဆေးဖက်ဝင်အပင်မျိုးစိတ်များ လေ့ လာဖော်ထုတ်မှတ်တမ်းတင်ခြင်းဆိုင်ရာ တွေ့ရှိချက်များ၊ ဆေးဖက်ဝင်အပင်များကို ဓာတ်ခွဲ စမ်း သပ်ခြင်းဆိုင်ရာ နည်းစနစ်များ၊ တွေ့ရှိချက်များ၊ ဆေးဖက်ဝင်အပင်များတွင် ပါဝင်သည့် ထူးခြား ဂုဏ်သတ္တိရှိ ဓာတုဒြပ်ပေါင်းပါဝင်မှု စမ်းသပ်တွေ့ရှိမှုအား ဆွေးနွေး ပြောကြားကြမည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။



