၄-၈-၂၀၂၅ ရက်နေ့မှ ၁၀-၈-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၂.၀၇၄၇)တန်၊ သစ်မာ (၉.၄၆၉၀)တန်၊ အခြား (၃၅.၁၄၀၆)တန်၊ စုစုပေါင်း (၆၆.၆၈၄၃)တန်၊ ယာဉ်/ယန္တရား (၆)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၈-၂၀၂၅ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဝါးနက်ဘိနယ်၊ ကဗြူးချောင်းဘေး နေရာမှ တရားမဝင် ပျဉ်းကတိုး၊ အင်ကြင်း၊ အခြားသစ် (၅၄)လုံး (၁၆.၆၄၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, August 12, 2025 - 14:45