မြန်အောင်မြို့နယ်၊ ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၁၂-၈-၂၀၂၅)ရက်၊ အင်္ဂါနေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ(၄)ဦး၊ ကျောင်းသားကျောင်းသူ (၃၃၅)ဦး၊ ကနောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ (၅)ဦး၊ သစ်တောဝန်းထမ်း(၄) ဦး၊ စုစုပေါင်း (၃၅၀)ဦး တက်ရောက်သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးနိုင်ဝင်းက သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ တောမီးရှို့ခြင်းမှ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးချမ်းမြေ့အောင်က မီးခိုးမြူငွေ့လျော့ချရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောရာ တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းမှုကို ပြန်လည်ဆွေးနွေးကြောင်းသတင်းရရှိသည်။


