တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ အ.ထ.က တနင်္သာရီ ပညာရတနာခန်းမတွင်”သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ပလပ်စတစ် လျှော့ချသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၂.၈.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:ဝ၀)နာရီအချိန်၌ အ.ထ.က တနင်္သာရီ ပညာရတနာခန်းမတွင်”သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ပလပ်စတစ် လျှော့ချသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား မြို့နယ်အဆင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း များ၊ သစ်တောသစ်ပင်များမှရရှိသော တိုက်ရိုက်/သွယ်ဝိုက်အကျိုးကျေးဇူးများ၊ ရေချိုအားချွေတာ သုံးစွဲရေးနှင့် ရေသယံဇာတများရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ပလပ်စတစ်များလျှော့ချသုံးစွဲရေး၊အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး၊ မီးခိုး မြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများကို တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ ဟောပြောခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၆)ဦး၊ အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ ( ၄ )ဦးနှင့်ကျောင်းသူ/ကျောင်းသား ( ၇၀ )ဦး၊ စုစုပေါင်း ( ၈၀ )ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်သူများမှ သိလိုသည်များကို မေးမြန်းခြင်းအား ပြန်လည်ဖြေကြားခဲ့ပါကြောင်၊ဟောပြောပွဲ တက်ရောက်သူများအား သစ်ပင်စိုက်ပျိုးပြုစုခြင်း လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, August 12, 2025 - 16:00