ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံသစ်ပင်ချစ်သူများအသင်း(ဗဟို) တို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

(၁၂-၈-၂၀၂၅)ရက် သနပ်ပင်မြို့နယ်၊ ညဏ်ကျွန်းကျေးရွာ၊ သနပ်ပင်-ကျွဲတဲလမ်းမကြီး‌ပေါ်တွင် ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံသစ်ပင်ချစ်သူများအသင်း(ဗဟို)တို့ ပူးပေါင်းကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသစ်ပင်ချစ်သူများအသင်းဥက္ကဌ ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ(ပန်းပျိုးလက်)နှင့် သံဃာ တော်များ၊ အသင်းသူ/သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/မနှင့် ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ပြီး မနက်(၀၉း၀၀)နာရီ၌ သနပ်ပင်-ကျွဲတဲလမ်းမကြီးတွင် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအနေဖြင် မဟော်ဂနီ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဇ္ဇူသက၊ စိန်ပန်းနီ၊ မန်ဂျန်ရှားပျိုးပင်ပေါင်း(၁၅၀၀)ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, August 12, 2025 - 16:00