၂၉-၅-၂၀၂၃ ရက်နေ့မှ ၄-၆-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉.၃၄၆၆)တန်၊ သစ်မာ (၇.၇၉၅၄)တန်၊ အခြား (၆၉.၀၀၇၆)တန်၊ စုစုပေါင်း (၈၆.၁၄၉၆)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၆-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ရွာဟောင်း၊ ရထားလမ်းဘေးရှိ အီဒီရိစ်၏နေအိမ် ခြံဝင်းအတွင်းမှ တရားမဝင် သင်ပုန်းခွဲသား (၆၆၈)ချောင်း (၃၀.၀၆၆၆)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် သစ်စက်ဆက်စပ်ပစ္စည်းများအား တရားခံ(၁၁)ဦးနှင့်အတူ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, June 6, 2023 - 14:15