၁၁-၈-၂၀၂၅ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၇.၁၀၃၆)တန်၊ သစ်မာ (၅.၅၄၆၈)တန်၊ အခြား (၂၂.၁၁၄၇)တန်၊ စုစုပေါင်း (၆၄.၇၆၅၁)တန်၊ ယာဉ်/ယန္တရား (၁၂)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၈-၂၀၂၅ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်းဘိနယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ Royal စားသောက်ဆိုင်ခြံဝန်းအတွင်းနေရာမှ တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ (၂၉၃)ချောင်း (၁၉.၁၂၃၈)တန်၊ ယာဉ် (၄)စီး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Wednesday, August 20, 2025 - 13:00