မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာ အနီးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပ

(၂၀.၈.၂၀၂၅)ရက်နေ့ မွန်းလွဲ(၁၃:၃၀)နာရီအချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာ အနီးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ပါသည်။ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်သို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး၊ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မြိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ကျွန်းစုမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ပြီး၊ လမု (၂)ပင်၊ ပင်လယ်အုန်း (၂)ပင်၊ နှံဗြူး (၂)ပင်၊ သမဲ့ (၃)ပင်၊ ဗြူးအုပ်ဆောင်း (၁၀၀၁)ပင်၊ ဗြူးခြေထောက် (၂၀၀)ပင်၊ စုစုပေါင်း ဒီရေတောပျိုးပင် (၁၂၁၀)ပင်နှင့် (ICM)အစီအစဉ်ဖြင့် လေကာတန်းအုန်းပင် (၁၀၀)ပင်တို့အား စိုက်ပျိုးခဲ့ပါသည်။ အခမ်းအနားအား (၁၄:၁၀)နာရီတွင် အောင်မြင်စွာစိုက်ပျိုးပြီးစီး ဆောင်ရွက်နိုင်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, August 21, 2025 - 07:15