စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
၂၄-၈-၂၀၂၅ ရက်၊ (၀၈:၀၀)နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်စုပေါင်း ဝန်ထမ်းအိမ်ယာတွင် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အား/ကာသိပ္ပံမှ ကျောင်းသား/သူများ၊ သူနာပြုသင်တန်း ကျောင်းမှ ကျောင်းသား/သူများ (၆၀၀)ဦး တက်ရောက်ပြီး ခရေ၊ ရေတမာ၊ မယ်ဇယ်၊ မယ်ဇလီ၊ ပန်းမယ်ဇလီ စသည့် သစ်မျိုး(၅)မျိုး၊ စုစုပေါင်း (၁၀၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။







date:
Sunday, August 24, 2025 - 11:00