၁၈-၈-၂၀၂၅ ရက်နေ့မှ ၂၄-၈-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၃၇၆၄)တန်၊ သစ်မာ (၁၆.၇၅၉၀)တန်၊ အခြား (၈၉.၉၄၀၀)တန်၊ စုစုပေါင်း (၁၂၀.၀၇၅၄)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၈-၂၀၂၅ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီဘိနယ်၊ မဲဇလီကြိုးဝိုင်း၊ အကွက် အမှတ်(၇၄၊ ၈၈)အတွင်းနေရာမှ တရားမဝင် အခြားသစ်၊ လုံးပတ်(၃)ပေအောက် အခြား (၂၆၇)လုံး (၄၂.၂၃၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, August 27, 2025 - 10:00