၁၀-၇-၂၀၂၃ ရက်နေ့မှ ၁၆-၇-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၃.၀၂၁၄)တန်၊ သစ်မာ (၁၈.၁၉၀၆)တန်၊ အခြား (၃၇.၅၀၄၂)တန်၊ စုစုပေါင်း (၁၇၈.၇၁၆၂)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၇-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ်(၁၁၀) အတွင်း/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၇)၊ မိုင်တိုင်အမှတ်(၇၀/၆) နှင့် (၇၀/၇) ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ်(၈၁)၊ မိုင်တိုင်အမှတ် (၆၆/၇) နှင့် (၆၇/၀) ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ်(၈၀)၊ မိုင်တိုင်အမှတ် (၆၅/၂) နှင့် (၆၅/၃) ကြား၊ မိုင်တိုင်အမှတ် (၆၅/၇) နှင့် (၆၆/၀)ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၆၆)၊ မိုင်တိုင်အမှတ် (၆၄/၄) နှင့် (၆၄/၅)ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၉)အတွင်းတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၁၄၇၅) လုံး/ချောင်း/ခြမ်း (၁၀၁.၀၅၈၀)တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း (၅)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, July 18, 2023 - 16:15