၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မွန်ပြည် နယ် ၊ချောင်းဆုံမြို့နယ်၊ မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပ

၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မွန်ပြည် နယ် ၊ချောင်းဆုံမြို့နယ်၊ မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို၄-၉-၂၀၂၅ ရက်နေ့၊နံနက် (၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ မုရစ်ကြီးကျေးရွာနှင့် ဇီးကုန်းကျေးရွာမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် တက်ရောက်ကြပြီး မန်ဂျန်ရှား (၈၅၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ ကုက္ကို(၁၀၀)ပင်၊ စုစုပေါင်း(၁၂၅၀)ပင်အား စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Friday, September 5, 2025 - 08:45