၂၀၂၅-ခုနှစ်ပြည်နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၆-၉-၂၀၂၅)ရက်နေ့နံနက် (၀၇:၁၅) နာရီအချိန်တွင် မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင်ကျင်းပပြုလုပ်
၂၀၂၅-ခုနှစ်ပြည်နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၆-၉-၂၀၂၅)ရက်နေ့နံနက် (၀၇:၁၅) နာရီအချိန်တွင်မွန်ပြည်နယ်၊ပေါင်မြို့နယ်၊အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်၊ပင်လယ်ကမ်းခြေတွင်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည် နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီး ချူပ်ဦးဆောင်သည့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်/ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊အခြေခံ ပညာကျောင်းများမှဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်း သူများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူ လူထုများစုစုပေါင်းအင်အား(၃၉၄) ဦးတက်ရောက်ကြပြီးဒီရေတော သစ်မျိုးများဖြစ်သည့်သမဲ့(၁၅၀) ပင်၊ဗြူးခြေထောက်(၁၅၀)ပင်၊ဗြူးရွှေဝါ(၁၀၀)ပင်၊အိပ်မသွယ်(၁၀၀) ပင်နှင့်မဒမ(၁၀၀)ပင်စုစုပေါင်းဒီရေတောသစ်ပင်(၅)မျိုးအပင်ပေါင်း (၆၀၀) ပင် ကိုစုပေါင်း၍စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။




