၁-၉-၂၀၂၅ ရက်နေ့မှ ၇-၉-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၁.၄၈၀၂)တန်၊ သစ်မာ (၁၃.၃၀၂၂)တန်၊ အခြား (၂၉.၁၆၅၀)တန်၊ စုစုပေါင်း (၆၃.၉၄၇၄)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်..ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြို့မ (၂)ဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၃၇/၁)မိုင်၊ အနောက်ဘက် (၃)ဖာလုံခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား (၁၄၉)ချောင်း (၁၀.၄၁၅၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date:
Wednesday, September 10, 2025 - 14:15