၁၄-၈-၂၀၂၃ ရက်နေ့မှ ၂၀-၈-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၂.၃၉၈၀)တန်၊ သစ်မာ (၄.၃၇၂၂)တန်၊ အခြား (၄၆.၂၉၀၈)တန်၊ စုစုပေါင်း (၁၁၃.၀၆၁၀)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၄-၈-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၉) နှင့် ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၉၂၊ ၉၄၊ ၁၀၀) တို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/ပါကေး စုစုပေါင်း (၆၀၄) လုံး/ချောင်း/ချပ် (၂၇.၅၆၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, August 23, 2023 - 14:45